အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့အညီ စိစစ်၍ မြန်ဆန်စွာ ခွင့်ပြုမိန့် ထုတ်ပြန်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဖြေကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့အညီ စိစစ်၍ မြန်ဆန်စွာ ခွင့်ပြုမိန့် ထုတ်ပြန်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဖြေကြား



MNP ၊ စက်တင်ဘာ ၃၀

လျှပ်စစ်ကားများတင်သွင်းခွင့် ပြုမယ်လို့ သတင်းများ ကြားသိနေရသည့်အပေါ် မြန်မာနေရှင်နယ်ပို့စ်က ဆက်သွယ်မေးမြန်းရာ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ ကို ဗိုလ်ချုပ်ကြီး မြထွန်းဦး ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကာ ဖွဲ့စည်းထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန က ပြန်လည်ဖြေကြားထားသည်။


မေးမြန်းမှုအပေါ် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန က "ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း လျှပ်စစ်သုံးယဉ်များနဲ့ ဆက်စပ်လုပ်ငန်းများ စတင်ဖွံ့ဖြိုးလာစေရေး၊ တင်သွင်း၊ ထုတ်လုပ်၊ အသုံးပြုပြေးဆွဲဖို့အတွက် လိုအပ်သည့် မူဝါဒ၊ လုပ်ငန်းစဉ်များ၊ လမ်းညွှန်ချက်များ ချမှတ်နိုင်ရေး  ညွှန်ကြားခြင်း၊ လမ်းညွှန်ခြင်းနှင့် အတည်ပြုထုတ်ပြန်နိုင်ဖို့အတွက် "အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ"ကို ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဥက္ကဋ္ဌ အဖြစ် ဦးဆောင်ကာ ဖွဲ့စည်းထားရှိခဲ့ပါတယ်။ အဆိုပါကော်မတီရဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ အထောက်အကူပြုနိုင်ဖို့အတွက် လုပ်ငန်းကော်မတီ (၅)ခု ဖွဲ့စည်းထားရှိပါတယ်။ လုပ်ငန်းကော်မတီ (၅)ခုအနက် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင်၊ ထုတ်လုပ်မှုမြှင့်တင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ အဖြစ် ယခင်က ရင်းနှီး/စီးပွားဝန်ကြီးဌာနက ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိမှာတော့ စီးပွားကူးသန်း ဝန်ကြီးဌာနက Focal ဝန်ကြီးဌာနအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။" ဟု ဖြေကြားထားသည်။

လက်ရှိမှာ ကော်မတီအနေနဲ့ သတ်မှတ်စံချိန် စံညွှန်များနှင့်အညီ တင်သွင်းဖို့အတွက် လိုအပ်တဲ့ လိုအပ်တဲ့ ညွှန်ကြားချက်များ ထုတ်ပြန်ဖို့ ဆောင်ရွက်နေကြောင်း၊ လျှပ်စစ်သုံးယာဉ်နဲ့ ဆက်စပ်လုပ်ငန်းများကို ဦးစားပေးမြှင့်တင်မယ့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ  (Promoted Sector) မှာ ထည့်သွင်းသတ်မှတ်နိုင်ရန် အမိန့်ကြော်ငြာစာ ထုတ်ပြန်ဖို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အား တင်ပြရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ဦးဆောင်ကော်မတီမှ ရွေးချယ်သတ်မှတ်ထားတဲ့ ကုမ္ပဏီများအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့အညီ စိစစ်၍ မြန်ဆန်စွာ ခွင့်ပြုမိန့် ထုတ်ပြန်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဖြေကြားထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)