ဝန်ထမ်းများ၏ လူပုဂ္ဂိုလ်လုံခြုံရေး၊ ရုံးဌာနအဆောက်အဦနှင့် စက်ယာဉ် ယန္တရားများ လုံခြုံရေး အထူးဂရုပြုရန် လိုအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝန်ထမ်းများ၏ လူပုဂ္ဂိုလ်လုံခြုံရေး၊ ရုံးဌာနအဆောက်အဦနှင့် စက်ယာဉ် ယန္တရားများ လုံခြုံရေး အထူးဂရုပြုရန် လိုအပ်



MNP ၊ စက်တင်ဘာ ၂၉

တာဝန်ထမ်းဆောင်နေချိန်တွင် ဝန်ထမ်းများ၏ လူပုဂ္ဂိုလ် လုံခြုံရေး၊ ရုံးဌာန အဆောက်အဦနှင့် စက်ယာဉ် ယန္တရားများ လုံခြုံရေးကို အထူးဂရုပြုရန် လိုကြောင်း ဒုတိယဝန်ကြီး ဦးဝင်းဖေ ပြောကြားသည်။

ယမန်နေ့က ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ)ရုံးတွင် အဆောက်အဦ ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဒုတိယဝန်ကြီးက နိုင်ငံ့ဝန်ထမ်း တစ်ဦးအနေဖြင့် လိုက်နာရမည့် ဝန်ထမ်း စည်းမျဉ်း၊ စည်းကမ်းဆိုင်ရာ ပြဋ္ဌာန်းချက်များကို လေးစား လိုက်နာရမည်ဖြစ် ကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းပဒေ ပြဋ္ဌာန်းချက်ပါအတိုင်း ဝန်ထမ်းများ အားလုံး ပါတီနိုင်ငံရေး ကင်းရှင်းရမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆)ချက်ကို မလွဲမသွေ လိုက်နာကျင့်သုံးပြီး နိုင်ငံတော်အပါ် သစ္စာစောင့်သိရမည် ဖြစ်ကြောင်းကိုလည်း မှာကြားသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ခရိုင်နှင့် မြို့နယ်များမှ ဦးစီးဌာန အလိုက် အရာထမ်း၊ အမှုထမ်းများက ဝန်ထမ်းရေးရာ ကိစ္စရပ်များကို တစ်ဦးချင်း ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဦးစီးဌာနအလိုက် ဝန်ထမ်းရေးရာ ဆွေးနွေး တင်ပြချက်များကို ပြန်လည် ဖြေရှင်းဆောင်ရွက်ပေးပြီး ဒုတိယဝန်ကြီး က နိဂုံးချုပ်အမှာစကား ပြောကြားကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)