KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူများ စီးနင်းလိုက်ပါလာသည့် အရပ်ဖက် လေယာဉ်တစ်စီးကို အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူများ စီးနင်းလိုက်ပါလာသည့် အရပ်ဖက် လေယာဉ်တစ်စီးကို အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်



MNP ၊ စက်တင်ဘာ ၃၀

ကယားပြည်နယ်အတွင်းရှိ KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက နယ်မြေတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် စစ်ရေးနှင့်မသက်ဆိုင်သည့် ပြည်သူများကို မကြာခဏ ချောင်းမြောင်းပစ်ခတ်ခြင်းနှင့် ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိပြီး ယနေ့ ခရီးစဉ်အမှတ် UB - 149 ဖြင့် ရန်ကုန် - နေပြည်တော် - လွိုင်ကော် - နေပြည်တော် ခရီးစဉ်အဖြစ် ပြေးဆွဲသည့် MNA လေယာဉ်အမှတ် XY-AML၊ လေယာဉ်အမျိုးအစား ATR - 72(600) အား ဆင်းသက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေစဉ် KNPP နှင့် PDF အကြမ်းဖက်သမားများက လက်နက်ငယ်ဖြင့် ပစ်ခတ်သဖြင့် လေယာဉ်ဘယ်ဘက် အောက်ခြမ်း ထိမှန်ခဲ့ပြီး လေယာဉ်ပေါ်ရှိ ခုံအမှတ် ၁၈/A တွင် စီးနင်းလိုက်ပါလာသည့် ဦးသိန်းတိုးညွန့်တွင် သေနတ်တစ်ချက် ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

MNA လေယာဉ်သည် ယနေ့ နံနက်ပိုင်းက ခရီးသည် ၆၃ ဦး တင်ဆောင်၍ လွိုင်ကော်လေဆိပ်သို့ ၉ ၃၅ နာရီတွင် ဆင်းသက်စဉ် လေယာဉ်ပြေးလမ်း၏ မြောက်ဘက် မီတာ ၆၀၀၀ ကျော်ခန့်သို့ အရောက်တွင့် အကြမ်းဖက်သမားများက လက်နက်ငယ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် ဦးသိန်းတိုးညွန့်တွင် ညာဘက်ပါး ဖောက်ဝင်ဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှတဆင့် တပ်မတော်ဆေးရုံသို့ လွှဲပြောင်းကုသပေးလျက်ရှိပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နေရာတဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လှုပ်ရှားဆောင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)