ဘူးသီးတောင်မြို့လူထုအခြေပြုဗဟိုဌာနခန်းမ၌မီး ဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘူးသီးတောင်မြို့လူထုအခြေပြုဗဟိုဌာနခန်းမ၌မီး ဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်




MNP - စက်တင်ဘာ  ၁


ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် ဘူးသီးတောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမတွင် ယမန်နေ့ညနေပိုင်းက မြို့နယ်မီး သတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူးဦး ထွန်းဝင်းနိုင်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများနှင့် မီးဘေးအန္တရာယ်အသိပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ထို့သို့ဆောင်ရွက်ရာတွင် ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းဝင်းနိုင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးသတိမှုရေးတို့နှင့်ပတ်သတ်၍ ရှင်းလင်းဆွေးနွေးပြီး မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် အသက်အိုးအိမ် စည်းစိမ်ဆုံးရှုံးမှုမရှိစေရေးအတွက် မီးကိုစနစ်တကျအသုံးပြုစေရေး၊ အမှိုက်သရိုက်များအား စနစ်တကျစွန့်ပစ်ရေး၊ လျှပ်စစ်မီးအသုံးပြုသူများအနေဖြင့် မိမိတို့ရုံးရှိလျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲမှုရှိ/မရှိ၊ လျှပ်စစ်ဝါယာကြိုးများ၊ မီးပလက်ပေါက်များဟောင်းနွမ်းနေပါကလည်း သက်ဆိုင်ရာလျှပ်စစ်ဝန်ထမ်များဖြင့် လဲလှယ်တပ်ဆင်အသုံးပြုစေရေးမီးသတ်ဆေးဘူး၊ မီးသတ်ရေပုံးများ၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်များ၊ရေကန်များ၌ရေများဖြည့်တင်းကာ အသင့်ထားရှိရန်လိုအပ်ကြောင်းနှင့် မတော်တဆမီးလောင်မှုဖြစ်ပွားပါကလည်း သက်ဆိုင် ရာ မီးသတ်ဦးစီးဌာနသို့ ချက်ချင်းသတင်းပေးပို့ကြပါရန်တို့ကို အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်းသိရသည်။


သတင်း - လှကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)