ပခုက္ကူမြို့နယ်၌ လုံခြုံရေး ၊တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးများကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူမြို့နယ်၌ လုံခြုံရေး ၊တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးများကွင်းဆင်းဆောင်ရွက်



MNP - စက်တင်ဘာ   ၁၁


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးအောင်မျိုးသူဦးဆောင်၍ မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ၁၆ ဌာနပါဝင်သော စစ်ကြောင်းအဖွဲ့(၂)သည် စက်တင်ဘာလ၉ရက် နံနက် ၉နာရီက ပခုက္ကူမြို့နယ် ၊ကုက္ကိုလှကျေးရွာအုပ်စု၊ ဆယ်ရွာကျေးရွာသို့ ကွင်းဆင်း၍ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။


ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်မျိုးသူက နိုင်ငံတော် စီမံအုပ် ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်အကြောင်း၊ ကျေးရွာလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်နယ် မြေစိုးမိုးရေးအတွက် ဆောင် ရွက်နေမှုအခြေအနေများအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးပြီး ဌာနဆိုင်ရာများအလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းနှင့်စာသင် ကျောင်း လိုအပ်ချက်များ အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး အသီးသီး ရှင်းလင်းဆွေးနွေးကြသည်။


ယင်းနောက် ဆွေးနွေးပွဲတက်ရောက်လာသည့် ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ကျေးရွာနေပြည်သူ (၁၅၀) ဦးတို့၏ တင်ပြမှုများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားဆွေးနွေးကြပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့်ပြည်သူများအား ကာကယ်ဆေးထိုးနှံပေးခြင်း၊ ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ပေးခြင်း လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ဘာမီသာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)