လားရှိုးမြို့တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် အခမ်းအနား ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

လားရှိုးမြို့တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် အခမ်းအနား ပြုလုပ်



 MNP - စက်တင်ဘာ   ၁၁


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးတွင် ယမန်နေ့ နံနက် (၁၀)နာရီအချိန် က လားရှိုးမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူး၍ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ  မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဒေါ်နီလာငယ်မှ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ ကျင်းပရခြင်းမှာ အများပြည်သူများပိုမိုသိရှိရန်၊ ကြက်ခြေနီကော်မတီဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ အဆိုပါနေ့ကို အမြဲအမှတ်ရစေရန်၊ ရှေးဦးပြုစုခြင်းပညာရပ်ကို လူသားတိုင်းတန်ဖိုးထား နားလည်စေရန်၊ ရှေးဦးပြုစုခြင်းပညာရပ်ကို အရေးပေါ်ကပ်ရောဂါ ဖြစ်ပွားချိန်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အခြေခံမူ(၇)ချက်နှင့်အညီ ထိထိရောက်ရောက် အသုံးချတတ်စေရန်နှင့် ရှေးဦးပြုစုခြင်းပညာရပ်ကို ပြည်သူလူထုမှလိုလား တတ်မြောက်လိုသည့် ဆန္ဒများပေါ်ပေါက်စေရန်ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ဦးဇော်မျိုးကျော်မှ ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ရှေးဦးပြုစုခြင်းပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။


ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဒေါ်နီလာငယ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲတွင် ဆုရရှိ သောတပ်ဖွဲ့ဝင်များအား ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုရုံးရှေ့ လမ်းသွားလမ်းလာ ပြည်သူများအား ပါးစပ်နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။


သတင်း - စိုင်းအောင်ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)