စလင်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များ စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ ဈေးကွက်အတွင်း မြှင့်တင်ရောင်းချမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

စလင်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များ စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ ဈေးကွက်အတွင်း မြှင့်တင်ရောင်းချမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

 


MNP - စက်တင်ဘာ   ၁၁


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ဆေးရောင်းချသည့် ဆေးဆိုင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၏ ညွှန်ကြားမှုဖြင့် ဈေးကွက်အတွင်း ဆေးဝါးကုန်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က စလင်းမြို့ပေါ်ရှိဆေးဆိုင်များအား စစ်ဆေးခဲ့ကြ သည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးဆန်းလင်းမောင်၊ အထွေထွေအုပ်ချုပ် ရေးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ လိုက်ပါ၍ ဈေးကွက်အတွင်းရောင်းချလျက်ရှိသည့် ဆေးနှင့်ဆက်စပ်ပစ္စည်း များ၊ ကုန်ပစ္စည်းများအား ဥပဒေနှင့်အညီ ရောင်းချခြင်းရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။ ဈေးကွက်အတွင်း ရောင်းချ လျက်ရှိသည့် ဆေးနှင့်ဆေးပစ္စည်းများ တရားဝင်မှတ်ပုံတင်ရောင်းချခြင်းရှိ/မရှိ၊ တရားဝင် အမှတ် တံဆိပ်များ မပါရှိခြင်းများနှင့် တရားမဝင်ရောင်းချမှုကုန်ပစ္စည်းများကို ဈေးကွက်အတွင်း ရောင်းချပါက ဥပဒေနှင့်အညီ အရေးယူပြုလုပ်သွားမည်ဖြစ်ပြီး ကျန်းမာရေး လမ်းညွှန်မှုများနှင့်အညီ ရောင်းချခြင်းရှိ/မရှိတို့ကို ဥပဒေနဲ့အညီ စိစစ်အရေးယူဆောင်ရွက် နိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်ဌာနဆိုင်ရာများ ပါဝင်သော အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆန်းလင်းမောင်က ဆေးရောင်းချ သည့် ဆေးဆိုင်ပိုင်ရှင်နှင့် အရောင်းတာဝန်ခံများအား မှာကြားခဲ့ပြီး ရောင်းချခြင်းများတွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီး ဌာန မှ သိရသည်။         


သတင်း - မောင်လွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)