နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ သဘာဝမြေသြဇာပြုလုပ်သုံးစွဲနည်း ကွင်းသရုပ်ပြပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ သဘာဝမြေသြဇာပြုလုပ်သုံးစွဲနည်း ကွင်းသရုပ်ပြပွဲကျင်းပ



MNP - စက်တင်ဘာ  ၂၉


စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ထန်ပါခွေမြို့၌ ယနေ့ နံနက် (၉) နာရီအချိန်က တောင်သူ ဦးခနူး၏ စိုက်ခင်းတွင် သဘာဝမြေသြဇာပြုလုပ်ခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် ထန်ပါခွေမြို့သည် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ခြင်းထိစပ်ခြင်း၊ မိုးသီးနှံများ ပြီးစီးသည့်အတွက် ရိုးပြတ်များအလေအလွင့်မရှိစေရေး၊ နယ်နိမိတ်ခြင်းထိစပ်သည့် အိန္ဒိယနိုင်ငံသို့ ရိုးပြတ်မီးရှို့သည့် မီးခိုးငွေ့များ မဖြတ်သန်းစေရန် တောင်ယာမှထွက်ရှိသည့် ရိုးပြတ်များအား အသုံးပြု၍ တစ်ပိုင်တစ်နိုင် သဘာဝမြေသြဇာပြုလုပ်သုံးစွဲနည်း ကွင်းသရုပ်ပြပွဲ ပြုလုပ်ရခြင်း ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဝေမင်းဦးက ပြောကြားသည်။


အဆိုပါကွင်းသရုပ်ပြပွဲသို့ စိတ်ပါဝင်စားသည့် ဒေသခံတောင်သူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ဒေသခံတောင်သူများမှ သဘာဝမြေသြဇာ ပြုလုပ်နည်းနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းရာ စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးမှူး ဦးဝေမင်းဦးက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။


သတင်း - အလန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)