မိုးနဲမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား Booster Dose ထပ်ဆောင်း ကာကွယ် ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား Booster Dose ထပ်ဆောင်း ကာကွယ် ဆေးထိုးနှံပေး

 


MNP - စက်တင်ဘာ   ၂၉


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်တွင် ကျောင်းသား၊ကျောင်သူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရန်နှင့် ထိရောက်စွာ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အသက် ၁၂ နှစ်နှင့်အသက် ၁၈ နှစ်ကြားရှိ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံခြင်းကို အခြေခံပညာအထက်တန်းကကျောင်း ပုလဲဆောင်ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ်နှင့်အထက် အသက် ၁၈ နှစ်အောက်ရှိ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၆၅၀ ဦးကို Booster Dose ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။


သတင်း - မျိုးညွန့်ရွှေ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)