မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းလှမြို့၌ မိုးလယ်နေကြာသီးသန့်စိုက် တောင်သူများအား ဓာတ်မြေဩဇာထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းလှမြို့၌ မိုးလယ်နေကြာသီးသန့်စိုက် တောင်သူများအား ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်




MNP ၊ စက်တင်ဘာ ၂၈

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ မင်းလှမြို့နယ်မှ မိုးလယ်နေကြာသီးသန့်စိုက်ပျိုးသည့် ဒေသခံတောင်သူများအား ဓာတ်မြေဩဇာ ထောက်ပံ့ပေးခြင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက မင်းလှမြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။

တွေ့ဆုံပွဲတွင် မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ဒေသဆိုင်ရာ အချက်အလက် များအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းက လုံခြုံရေးဆိုင်ရာများ၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က စီးပွားရေးဆိုင်ရာများ၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးက သယံဇာတရေးဆိုင်ရာများ၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုက လူဦးရေအိမ်ထောင်စုစာရင်း ၆၆/၆နှင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေး‌နေမှုများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာ ၁၄ ရွာမှ ဒေသခံတောင်သူ ၉၃ ဦးအား မိုးလယ်နေကြာသီးသန့်စိုက်ပျိုးဧက ၁၄၉ ဧကအတွက် ဓာတ်မြေဩဇာထောက်ပံ့ပေးခဲ့သည်။


ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ဒေသခံတောင်သူအား နှမ်း၊ စပါး၊ နေကြာစိုက်ပျိုးရေးဆိုင်ရာများ၊ ပညာရေးဆိုင်ရာများ၊ ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေး ဆိုင်ရာများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


ဇာဇာ(အထက်မင်းလှ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)