ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (၄၃၃၈၁၆)ဦးထိုးနှံပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (၄၃၃၈၁၆)ဦးထိုးနှံပြီးဖြစ်



MNP - စက်တင်ဘာ   ၃၀


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် မျိုးရိုးဗီဇပြောင်းရောဂါများ ကူးစက်မှုမှ ကြိုတင်ကာကွယ်ရေး ၊စုကြီးရပ်ကွက် မြို့တော်ခန်းမနှင့် သက်ဆိုင်စုရပ်နယ်မြေများတွင် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီခွဲ(၄၃၃၈၁၆)ဦး ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။


ကျောက်ဆည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ပထမအကြိမ် (၂၁၀၉၆၀)ဦး၊ ဒုတိယအကြိမ်(၁၈၈၈၈၅)ဦး၊ တတိယအကြိမ်(၃၁၄၈၁)ဦးနှင့် စတုတ္ထအကြိမ် (၂၅၃၇)ဦး စုစုပေါင်း(၄၃၃၈၆၁)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးရေး ကော်မတီထံမှ သိရသည်။


ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ကျန်းမာ ရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းဝင်များပူးပေါင်း၍ ထိုးနှံပေးခဲ့ခြင်း ဖြစ်ကြောင်းနှင့်ထပ်ဆောင်းကာကွယ်ဆေးများလည်း သတ်မှတ်ရက်၊ သတ်မှတ်အကြိမ်တွင်ပြည်သူများ လာရောက်ထိုးနှံရေးနှင့် ရောဂါကူးစက်မှုမရှိစေရေးကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားရေး  အသိပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)