လယ်ဝေးမြို့နယ်အတွင်း တစ်မြို့နယ်လုံးလွှမ်းခြုံနိုင်ရေး ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ဝေးမြို့နယ်အတွင်း တစ်မြို့နယ်လုံးလွှမ်းခြုံနိုင်ရေး ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ



MNP - စက်တင်ဘာ  ၂၇


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း တစ်မြို့နယ်လုံးလွှမ်းခြုံ နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ်များတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။


လယ်ဝေးမြို့နယ်အတွင်း ကျောင်းသားကျောင်းသူလေးများ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ပြီး ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်စေရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။ လယ်ဝေးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံမှုတွင် အခြေခံပညာကျောင်းများတွင် (၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသားကျောင်းသူ (၃၃၆၄၅)ဦး၊ (၅)နှစ်မှ (၁၅)နှစ်အထိ ကျောင်းနေပြင်ပ(၇၇)ဦး နှင့် (၁၂)နှစ်မှ (၁၈)နှစ်အထိ ကျောင်းသား၊ ကျောင်းသူ(၂၀၄၆၂)ဦးတို့ကို ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ(၁၃၅၇၆)ဦး Booster Dose ထိုးနှံပြီးဖြစ်သည်။


ထိုသို့ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေး ဆရာ၊ ဆရာမများ၊ လုံခြုံရေး အဖွဲ့ဝင်များ၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာဆရာမများနှင့် ကျောင်းသားမိဘများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။၊


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)