ရွှေဘိုမြို့တွင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျတည်ထားကိုးကွယ်တော်မူခဲ့သော မော်ဓေါမြင်သာ မြိုထောင့်စေတီတော် ဆွမ်းလောင်းလှူပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘိုမြို့တွင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျတည်ထားကိုးကွယ်တော်မူခဲ့သော မော်ဓေါမြင်သာ မြိုထောင့်စေတီတော် ဆွမ်းလောင်းလှူပွဲ ကျင်းပ




MNP - စက်တင်ဘာ   ၂၄


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့အတွင်းရှိ ဘုရားစေတီများတွင် ဝါတွင်းသုံးလ ဘုရားစဉ်များဖြစ်သည့် ဆာ၊ သေ့၊ ဘန်၊ ဆု၊ ဂူ၊ ရ၊ ကျွန်း၊ တော်၊ ကျ၊ ဦး၊ တော်၊ ခန်း၊လောစသည့် အဆိုရှိသည့် ဘုရားစေတီများကိုအပတ်စဉ် ဥပုသ်နေ့တိုင်း ဆွမ်းလောင်းလှူပွဲ၊ ဘုရားပွဲများ ကျင်းပလျက်ရှိရာ ယနေ့နံနက်(၉)နာရီချိန်က အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းသမိုင်းဝင် မော်ဓေါမြင်သာမြို့ထောင့်စေတီတော်ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲ၊ ဆွမ်း၊ ဆွမ်းဟင်းနှင့် ဘောဇဉ်ဝတ္ထုများ လောင်းလှူပွဲကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ရွှေဘိုမြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ သံဃာတော်အရှင်သူမြတ် အပါး(၅၀၀)ကျော်တို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့်ဇနီး၊ ရွှေဘိုတပ်နယ်မှူးနှင့်ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးရဲထွဋ်ဝင်းနှင့် ဇနီး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစွမ်းဇာနည်နှင့်ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် ဇနီး၊ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ ဂေါပက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ စေတနာရှင်၊ အလှူရှင်များ၊ ဘုံဆွမ်းလောင်းအသင်းများက ဆွမ်း၊ဆွမ်းဟင်းနှင့်ဘောဇဉ်များကို လောင်းလှူခဲ့ကြသည်။


ထို့နောက် မော်ဓေါမြင်သာမြို့ထောင့်စေတီဘုရားပွဲသို့ လာရောက်လောင်းလှူကြသောစေတနာရှင် အလှူရှင်များက ဆရာတော်အရှင်သူမြတ်များထံမှ တရားတော်များ နာယူပြီး ရေစက်ချ  အမျှအတန်းများပေးဝေခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)