ကယားပြည်နယ်အစိုးရအဖွဲ့မှ ယာယီတိုက်ပွဲရှောင်ပြည်သူများအား အခြေခံစားကုန်များထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်အစိုးရအဖွဲ့မှ ယာယီတိုက်ပွဲရှောင်ပြည်သူများအား အခြေခံစားကုန်များထောက်ပံ့ပေးအပ်



MNP - စက်တင်ဘာ  ၂၄


ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင် ပြည်သူများနေထိုင်သည့် ဥတ္တရာရုံဘုန်းတော်ကြီးကျောင်းနှင့် လွိုင်ကော်ကက်သလစ်သာသနာ၊ ဧဝံဂေလိစေတမန်/ စေတမန် မူကြို ဗဟိုသင်တန်းကျောင်းတို့သို့ သွားရောက်၍ ယာယီတိုက်ပွဲရှောင်ပြည်သူများအား အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။


ဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ဥတ္တရာရုံဘုန်းတော်ကြီးကျောင်း၊ ဆရာတော်ဘဒ္ဒန္တဇိနောဘာသအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။


ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဥတ္တရာရုံဘုန်းတော်ကြီးကျောင်းနှင့် လွိုင်ကော်ကက်သလစ်သာသနာ ၊ ဧဝံဂေလိစေတမန်/ စေတမန်မူကြို ဗဟိုသင်တန်းကျောင်းတို့၌ နေထိုင်နေကြသော ယာယီတိုက်ပွဲရှောင်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ မိမိတို့၏နေရပ်တွင် ပြန်လည်နေထိုင်နိုင်ရေး၊ လတ်တလော စားသောက်ရေးကိစ္စများ အဆင်ပြေစေရေး၊ အသက် မွေးဝမ်းကြောင်းလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်စေရေး၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေးများထိုးနှံနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က ပံ့ပိုးကူညီ ဆောင်ရွက်ပေးနေသည့် အခြေအနေများကို ရှင်းလင်းပြောကြား၍ အားပေးစကား ပြောကြားခဲ့ပြီး အိမ်ထောင်စုလူဦးရေအလိုက် အခြေခံစားကုန်များဖြစ်သော ဆန်၊ ဆီနှင့်ကြက်ဥများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရသည်။


သတင်း - ကိုဇင်


မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)