ကဝမြို့နယ်၌ (Unit Plan) စီမံကိန်းကျေးရွာများတွင် ကျွဲ၊ နွား၊ ခွာနာ၊လျှာနာရောဂါ ကာကွယ်ဆေး (အခမဲ့)ထိုးနှံခြင်း လုပ်ငန်းကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကဝမြို့နယ်၌ (Unit Plan) စီမံကိန်းကျေးရွာများတွင် ကျွဲ၊ နွား၊ ခွာနာ၊လျှာနာရောဂါ ကာကွယ်ဆေး (အခမဲ့)ထိုးနှံခြင်း လုပ်ငန်းကွင်းဆင်းဆောင်ရွက်



MNP - စက်တင်ဘာ   ၂၄


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကဝမြို့နယ်၌ (Unit Plan) စီမံကိန်းကျေးရွာများတွင် ကျွဲ၊နွား၊ ခွာနာလျှာနာရောဂါ ကာကွယ်ဆေး (အခမဲ့) ထိုးနှံခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးနှင့်ဝန်ထမ်းများ၊ အခြေခံတိရစ္ဆာန်ကျန်းမာရေးလုပ်သား (CAHW) များနှင့်အဖွဲ့က  စက်တင်ဘာ (၂၃)ရက်နေ့တွင် ဇွဲဘာကျေးရွာနှင့် ဂွရွာများတွင်လည်းကောင်း၊ စက်တင်ဘာ (၂၄)ရက်နေ့တွင် ပေါက်ကွဲကျေးရွာနှင့် အေးရွာသစ်ကျေးရွာတို့တွင်လည်းကောင်း ကျွဲ၊ နွားကောင်ရေ (၁၇၀)ကောင်တို့အား ခွာနာ၊ လျှာနာကာကွယ်ဆေးများ (အခမဲ့) ထိုးနှံပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)