ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်များ၌ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်များ၌ပြုလုပ်

 



MNP - စက်တင်ဘာ ၂၄


ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်များ၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများက လွိုင်ကော်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့်  လွိုင်ကော်လေဆိပ်ဝန်းကျင် ခြုံနွယ်ပေါင်းပင်များ ခုတ်ထွင်ရှင်းလင်းနေမှုများ၊ လေဆိပ်ပရဝုဏ် သန့်ရှင်းသာယာစေရေးအတွက် ဌာနဆိုင်ရာများက စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး လေဆိပ်အပါအဝင် အများပြည်သူ အသုံးပြုသည့်နေရာများ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်ကျေးရွာ အပါအဝင် မြို့သန့်ရှင်းသာယာလှပစေရေး၊ ခြင်အန္တရာယ်နှင့် အခြားရောဂါများ ကင်းဝေးစေရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။


အလားတူ ပြည်နယ်အတွင်းရှိ ဘောလခဲ၊ ဖားဆောင်းနှင့် မယ်စဲ့မြို့နယ်များရှိ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်များတွင်လည်း ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - ကိုဇင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)