အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံသို့ လာရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများပေးအပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံသို့ လာရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများပေးအပ်လှူဒါန်း



MNP - စက်တင်ဘာ   ၂၄


အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ ဒုတိုင်းမှူးဗိုလ်မှူးချုပ် ဇော်ဇော်နိုင်နှင့် တာဝန်ရှိသူများသည် နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံသို့ ယနေ့နံနက် ၁၀ နာရီအချိန်တွင် ရောက်ရှိခဲ့ပြီး နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်သက်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ကျန်းမာရေးဝန်ထမ်းများက ကြိုဆိုခဲ့ကြသည်။


ရှေးဦးစွာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းသည် ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ပြည်သူ့ဆေးရုံအတွက် FACE MASK (၂၀)ဖာ ၊ Hand Sanitizer (၅)ဖာ နှင့် Rubbing Alcohol (၁၀)လီတာ တို့ကို ပေးအပ် လှုဒါန်းခဲ့ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်က လက်ခံရယူခဲ့သည်။


ဆက်လက်၍ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသော အမျိုးသား၊ အမျိုးသမီးလူနာများကို တွေ့ဆုံအားပေးစကားပြောကြား၍ အဟာရပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့သည်။


ထို့နောက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိ သူများက ပြည်သူ့ဆေးရုံရှိ လူနာဆောင်များ၊ ICU ခန်းမနှင့် အောက်ဆီဂျင်စက်ရုံ လည်ပတ်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ ကြောင်း သိရသည်။


သတင်း - သူရအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)