ကျောက်တန်းမြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များထောက်ပံ့ပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တန်းမြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များထောက်ပံ့ပေးအပ်ပွဲကျင်းပ



MNP - စက်တင်ဘာ   ၂၈


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင်များထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ကျောက်တန်းမြို့နယ် ဘိုးဘွားရိပ်သာတွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။


သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးသက်နောင်က ကျောက်တန်းမြို့နယ်တွင် သက်ကြီးဘိုးဘွား(၆၁၂)ဦးရှိပြီး ဒုတိယသုံးလပတ်အတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းဖြစ်ကြောင်း၊ သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေများကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများကလည်း   သက်ကြီးဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက် ပေးအပ်သွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါသည်။


ကျောက်တန်းမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ (ဇူလိုင်၊ ဩဂုတ်၊စက်တင်ဘာ) ဒုတိယသုံးလပတ်အတွက် ဘိုးဘွားတစ်ဦးလျှင် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် ၃၀၀၀၀/-နှုန်းဖြင့် ထောက်ပံ့ပေးရာ ကျောက်တန်းမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားစုစုပေါင်း(၆၁၂)ဦးတို့အတွက် ၁၈၃၆၀၀၀၀/-ကျပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးသက်နောင်နှင့်အဖွဲ့ဝင်တို့က သက်ကြီးဘိုးဘွားများထံသို့ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ထို့နောက်ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများက အခမ်းအနား မတက်ရောက်နိုင်သည့် ဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)