ဆီဆိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အောက်ဆီဂျင်စက်ရုံသို့ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီဆိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အောက်ဆီဂျင်စက်ရုံသို့ ကြည့်ရှုစစ်ဆေး

 


MNP - စက်တင်ဘာ   ၃၀


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ ဇဝနာရာမ စာသင်တိုက်အတွင်းရှိ အောက်ဆီဂျင်စက်ရုံသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၉ နာရီခွဲက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ထို့သို့ ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးနယ်လ်ဆင်လှမြိုင်၊ မြို့နယ်ကြက်ခြေနီ အသင်း(ခွဲ)ဥက္ကဋ္ဌ ဦးချိုတူးမောင်၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဦးမျိုးမင်းဆွေနှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးတို့က အောက်ဆီဂျင်စက်လည်ပတ်နေမှုအခြေအနေများနှင့် မြို့နယ် အတွင်းရှိ မိဘပြည်သူများ ၏ အောက်ဆီဂျင်လိုအပ်မှုများကို အခမဲ့ဖြည့်ဆည်း ဆောင်ရွက် ပေးနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။


အဆိုပါ အောက်ဆီဂျင်စက်ရုံသည် ဆီဆိုင်မြို့ ဇဝနာရာမစာသင်တိုက် ဆရာတော် ဦးကောဝိဒ ဦးစီးဦးဆောင်ကာ မြို့မိ၊ မြို့ဖများ၊ စေတနာရှင်၊ အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအောက်ဆီဂျင်စက်သည် 5Nm3/hr အမျိုးအစားဖြစ်၍ တစ်နာရီလျှင် ၄၀လီတာဆန့် (၁.၂၅)အိုး ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ တစ်နေ့လျှင် အောက်ဆီဂျင်အိုး အလုံးရေ(၃၀)ထွက်ရှိပြီး မြို့နယ်အတွင်းရှိ မိဘပြည်သူများ၏  ကျန်းမာရေး စောင့်ရှောက်မှုနှင့် အောက်ဆီဂျင်လိုအပ်မှုများကို အချိန်နှင့် တပြေးညီအခမဲ့ဖြည့်ဆည်း ပို့ဆောင် ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - မျိုးမြတ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)