နောင်မွန်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်မွန်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ



MNP - စက်တင်ဘာ   ၂၈     


ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊‌ နောင်မွန်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများကို အခြေခံ၍လူငယ်များ အားကစားကို ပိုမိုစိတ်ဝင်စားလာပြီး စိတ်ဓာတ်ခန္ဓာ ပိုမိုကျန်းမာကြံ့ခိုင်လာစေရန်၊ လူငယ်များအားကစားကို စိတ်ပါဝင်စားလာပြီး မူးယစ်ဆေးဝါးကို ရှောင်ရှားလာစေနိုင်ရန်နှင့် မြို့နယ်အတွင်းမှ ဂုဏ်‌ဆောင်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ကျင်းပခဲ့သော နောင်မွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကို စက်တင်ဘာ(၂၄) ရက် မွန်းလွဲ(၂)နာရီက နောင်မွန်းမြို့နယ် ပြည်သူ့အားကစားကွင်း၌   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့် အညီ ကျင်းပသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနမ်ရဲမင်က အဖွင့်အမှာစကားပြောကြားပြီ အမှတ်(၅) ရပ်ကွက်မှ လှပျိုမယ်များ၊ အထကကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများနှင့် အမက(၁) ကျောင်းမှ ကျောင်းသူလေး များက တိုင်းရင်းသားရိုးရာအကများဖြင့် ကပြဖျော်ဖြေ ခဲ့ကြကာ ဗိုလ်လုပွဲသို့ တက်ရောက်လာသော ကဆန်ထီ FC ဘောလုံးအသင်းနှင့် အမှတ်(၁) ရပ်ကွက်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကဆန်ထီ FC ဘောလုံး အသင်းက ၁-၀ ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။


ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနမ်ရဲမင် နှင့် အဖွဲ့ဝင်များ က ပထမဆုရရှိသော ကဆနိထီ FC အသင်းနှင့် ဒုတိယဆုရရှိသော အမှတ်(၁) ဘောလုံးအသင်းသားများကို ဆုဖလား၊ ဆုတံဆိပ်လည်ဆွဲနှင့် ဆုကြေးငွေများ အသီးသီး ပေးအပ်ခဲ့ကြပြီး သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများက အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံးထူးချွန်ဆု ရရှိခဲ့သူများအား ဆု‌ကြေး‌ငွေများ ချီးမြှင့်ကြသည်။


အဆိုပါ ပြိုင်ပွဲဝင်ခဲ့ကြ‌သော အသင်းသားများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူ အသက်(၁၇)နှစ်အထက် ကစားသမားများသာ ပါဝင်ယှဉ်ပြိုင်ကစားခွင့်ပေးထားပြီး ပြိုင်ပွဲကို စက်တင်ဘာလ (၆)ရက်မှ (၂၄)ရက်အထိ သတ်မှတ်ကာ ပြိုင်ပွဲဝင်အသင်း (၁၃)သင်းကို အုပ်စု(၄)စုခွဲ၍ ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)