ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်များ၌ မြေပြင်အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းကောက်ခံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်များ၌ မြေပြင်အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းကောက်ခံ





MNP ၊ စက်တင်ဘာ ၂၃ 

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ မြေပြင်အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းကောက်ခံခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တာဝန်ရှိသူတို့ပူးပေါင်း၍ ယနေ့၊ နံနက်(၈)နာရီက  ပုဏ္ဏားကျွန်းမြို့ပေါ်(၄)ရပ်ကွက် အတွင်း တစ်အိမ်ဝင်/ထွက် စနစ်ဖြင့် ကွင်းဆင်းကောက်ခံလျက်ရှိသည်။


ထိုသို့ကွင်းဆင်းကောက်ခံရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိ သူများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ထွေ/အုပ်စာရေးဝန်ထမ်းများနှင့်တာဝန်ရှိသူတို့က မြို့သစ်၊ အလယ်စု၊ ရွာဟောင်းရပ်ကွက်နှင့် စံပြရပ်ကွက်များတွင် တစ်အိမ်ဝင်/ထွက် စနစ်ဖြင့် မြေပြင်အိမ်ထောင်စုလူဦးရေစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် မြေပြင်အိမ်ထောင်စုလူဦးရေ စာရင်းများ ကွင်းဆင်းကောက်ခံနေမှုတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးလှရွှေနှင့်အဖွဲ့ဝင်တို့က လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)