ဒလမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံ စားသောက်ကုန် ပစ္စည်းသုံးမျိုးကို ဆက်လက်၍ ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒလမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံ စားသောက်ကုန် ပစ္စည်းသုံးမျိုးကို ဆက်လက်၍ ရောင်းချပေး



MNP - စက်တင်ဘာ   ၁၀


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်စေရန်အတွက် ယနေ့နံနက် (၉)နာရီအချိန်မှစ၍ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ နာရီစင်ဈေးတွင် ပြည်သူများအား အခြေခံစားသောက်ကုန်များ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။


ထို့သို့ ရောင်းချရာတွင်ဆန်တစ်ပြည်လျှင် ၁၆၀၀ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၇၅ကျပ်နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်ပြည်၊ ဆီ၅၀ကျပ်သားနှင့် ကြက်ဥ(၆)လုံး စီတို့အား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး လျက်ရှိရာ ယနေ့တွင် ဆန် (၂၄) ပြည်ဝင်ဆန့်အိတ် (၈) အိတ်၊ ဆီ (၁၁၀) ပိဿာ၊ ကြက်ဥအလုံးရေ (၁၀၀၀) ရောင်းချပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ရောင်းချမှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှ ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးဝန်ထမ်းများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပညာရေးဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းမှ ဝန်ထမ်းများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဝန်ထမ်းများ ပူပေါင်းပါဝင်ရောင်းချ ပေးခဲ့ကြောင်း သိရသည်။


သတင်း - မြင့်ဇော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)