မိုင်းတုံမြို့၌ကော်မရှင်အဖွဲ့မှလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းတုံမြို့၌ကော်မရှင်အဖွဲ့မှလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 


MNP - စက်တင်ဘာ  ၁၀


ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံခရိုင်ကော်မရှင်အဖွဲ့မှလုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့  ၁၄ နာရီ အချိန်က မိုင်းတုံခရိုင်အထွေထွေ အုပ်ချုပ်ရေး ရုံးရှိအစည်း အဝေးခန်းမ တွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ  ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးငြိမ်းထွန်ကျော်က အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီဌာနမှခရိုင်ဦးစီးမှူး ဦးလှအေးက ကော်မရှင်လုပ်ငန်းနှင့် စပ်လျင်း၍ အိမ်ထောင်စုလူဦးရေးစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် ဌာနဆိုင်ရာအကြီး အကဲများဖြင့်အုပ်စုဖွဲ့၍ပြန်လည် စီစစ်ကောက်ခံ နေမှုနှင့် ပတ်သက်၍ အကျယ်တစ်ဝန်းရှင်းလင်းခြင်း၊ ဆက်လက်၍ မြို့နယ်ကော်မရှင်မှ ဦးစီအရာရှိ ဒေါ်နန်းနွမ်းဖောင် ကကော်မရှင် လုပ်ငန်းများဆောင် ရွက်နေမှု၊ ဆက်လက် လုပ်ဆောင်ရမည့်လုပ်ငန်းများနှင့် ပတ်သက်၍ အကျယ်တစ်ဝန်းရှင်းလင်းပြီးနောက် တက်ရောက်လာသည့် ကော်မရှင်အဖွဲ့မှ ကွင်းဆင်းလုပ်ဆောင်နေမှုနှင့် လိုအပ်ချက်များကို ဆွေးနွေးကြပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်က ကော်မရှင်လုပ်ငန်းသည်အဓိကအရေးပါတဲ့အတွက် ရပ်ကျေး စာရေးများနှင့်ရပ်ကွက် ကျေးရွာ အုပ်စု၊ အုပ်ချုပ်ရေးမှူးများကလည်း မိမိတာဝန်ကျရာ ကျေးရွာအုပ်စုအလိုက် အိမ်ထောင်စုလူဦးရေစာရင်းများမှန်မှန်ကန်ကန်ဖြစ်အောင်တိုက်ဆိုင် စီစစ် စေလိုကြောင်း စာရင်းများကို မိမိ ခရိုင်အတွင်း အချိန်နဲ့တစ်ပြေး ညီမှန်မှန်ကန်ကန်နဲ့ ပြီးစီးဖို့ဆိုရင်အဓိက ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများကဝိုင်းဝန်းပူး ပေါင်းဆောင် ရွက်ပေးမှသာ အချိန်မီ လိုအပ်ချက်များဖြည့်တင်း ပေးနိုင်မှာဖြစ်ကြောင်း နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်းသိရှိရသည်။


သတင်း - ဝင်းဝင်းခိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)