ကျောက်ပန်းတောင်းမြို့ အမှတ်(၂)အ.ထ.ကတွင် လူကုန်ကူးမှုကာကွယ်တိုက်ဖျက်ရေးနှင့် ကျောင်းကျန်းမာရေး အသိပညာပေးပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့ အမှတ်(၂)အ.ထ.ကတွင် လူကုန်ကူးမှုကာကွယ်တိုက်ဖျက်ရေးနှင့် ကျောင်းကျန်းမာရေး အသိပညာပေးပြောပွဲပြုလုပ်




MNP - စက်တင်ဘာ   ၁၀


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် လူကုန်ကူးမှုကာကွယ်တိုက်ဖျက်ရေးနှင့် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို၊ ယနေ့နံနက်(၉:၃၀)နာရီက အဆိုပါကျောင်းရှိ ပညာဂုဏ်ရောင်ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။


အဆိုပါ အခမ်းအနားကို ကျောင်းသား/ကျောင်းသူကလေးငယ်များ အခြားသူများအပေါ် အယုံမလွယ် ကြစေရန်နှင့် အလုပ်အကိုင်နှင့် ငွေမက်လုံးများကိုယုံလွယ်ပြီး လူကုန်ကူးခံရမှုများကို ရှောင်ရှားနိုင် ကြစေရန်ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ကြောင်းကို တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာထွန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က လူကုန်ကူးမှုတားဆီးကာကွယ် တိုက်ဖျက်ရေးနှင့် ပတ်သက်၍ လည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးမှ ဒေါ်တင်တင်ဌေးက သွေးလွန်တုတ်ကွေး ရောဂါ တားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ လည်းကောင်း အသိပညာပေးဟောပြောကြသည်။ ဟောပြောပွဲအပြီးတွင် မြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ ချိတ်ဆွဲပြသထားသည့် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ လျှပ်စစ်အန္တရာယ်ကင်းဆင်ရေး၊ သန့်ရှင်းသော သောက်သုံးရေ ခြိုးခြံချွေတာရေး၊ ဆေးလိပ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အစရှိသည့် အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြသည်။


အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်၊ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်သဲဖြူ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးမှ ဆရာမဒေါ်တင်တင်ဌေး၊ အမှတ်(၂)အ.ထ.က တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာထွန်းနှင့် ဆရာ/ဆရာမများ၊ အဌမတန်း၊ နဝမတန်းနှင့် ဒသမတန်းများမှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား(၄၃၈)ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။


သတင်း - နေအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)