MNP - စက်တင်ဘာ ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တသီရိမြို့နယ်အတွင်း ဆောင်းနေကြာစိုက်ပျိုး မည့်တောင်သူများအား နေကြာမျိုးစေ့များ အခမဲ့ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မောင်းရမ်းကျေးရွာအုပ်စု တောင်သူအသိပညာပေးစင်တာ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက တောင်သူဦးထွန်းဝေ၏ မိုးစပါး RS.CS မျိုးစေ့ ထုတ်စိုက်ခြင်းစံပြ အကွက်တွင် ယူရီးယား ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာ (၁:၃) ရောစပ်သုံးစွဲခြင်းအကြာင်းကို တိုင်းမြေအသုံးချရေး တာဝန်ခံဒေါ်တင်မာအေး က ရှင်းလင်းတင်ပြခဲ့ပြီး သရုပ်ပြပွဲကို ကြည့်ရှုအားပေးကာ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းသီးနှံပိုးမွှားတာဝန်ခံ ဦးမျိုးနိုင်က သဘာဝတမာ ပိုးသတ်ဆေးများအကြောင်းနှင့် မြေဩဇာရောစပ်အသုံးပြုမှုများကို တောင်သူများအား ရှင်လင်းပြောကြားသည်။
ဆက်လက်၍ မောင်းရမ်းကျေးရွာအုပ်စု တောင်သူအသိပညာပေးစင်တာ၌ ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း က အဖွင့်အမှာစကားပြော ကြားပြီး ဥတ္တရသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်က ဆောင်းနေကြာ မျိုးစေ့များ အခမဲ့ထောက်ပံ့ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ဥတ္တရခရိုင် ခေတ္တအုပ်ချုပ်ရေးမှူး ဒုတိယဗိုလ်မှူးကြီးသန်းဇော်ထူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းတို့က မောင်းရမ်းကျေးရွာအုပ်စု အတွင်းရှိ တောင်သူ(၅၆)ဦးအတွက် ဆောင်းနေကြာသီးသန့်စိုက်ပျိုးသူ ၁ဧကလျှင်(၃kg)နှင့် သီးညှပ်စိုက်ပျိုးသူများအတွက် ဧကလျှင်(၁kg)တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်း - ကျော်စွာဟိန်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment