MNP - စက်တင်ဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ကျောက်မြောင်းကျေးရွာအုပ်စု၊ ကဇက်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်ပြီး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီးငါးကြောင်းနှင့် ကဇက်ကျေးရွာမှဒေသခံပြည်သူတို့နှင့် ယမန်နေ့နံနက်(၁၀)နာရီက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ တွေ့ဆုံဆွေးနွေးကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဦးက အမှာစကားပြောကြားပြီး၊ အဖွဲ့ဝင် ၁ ဗိုလ်မှူးကျော်ကျော်ဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရက်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက မိမိဌာနအလိုက် ဆောင်ရွက်နေမှုများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာကိစ္စရပ်များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြီး၊ ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စစ်ကြောင်းကြီး ၅ ကြောင်းမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်း - ပြည့်ဖြိုးသန့်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment