ပူတာအိုမြို့၌ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံး ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပူတာအိုမြို့၌ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံး ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်



MNP - စက်တင်ဘာ   ၁၈


 ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများကိုအခြေခံ၍ လူငယ်များ အားကစားကို ပိုမိုစိတ်ဝင်စားလာပြီး စိတ်ဓါတ်ခန္ဓာပိုမိုကျန်းမာကြံ့ခိုင်လာစေရန်၊လူငယ်များအားကစားကို စိတ်ပါဝင် စားလာပြီး မူးယစ်ဆေးဝါးကို ရှောင်ရှားစေနိုင်ရန်နှင့် မြို့နယ်ဂုဏ်ဆောင် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်ကျင်းပခဲ့သော မြို့နယ်အားကစားနှင့်ကာယ ပညာကော်မတီ ဥက္ကဋ္ဌ ဖလား အမျိုးသားအလွတ်တန်းဘောလုံး ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွှဲ(၃)နာရီက ပူတာအို ခရိုင်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။


ရှေးဦးစွာ စစ်ဗျူဟာအဖွဲ့(အခြေချ)ပူတာအို စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းသီဟ၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဘောလုံးအားကစား ဝါသနာရှင်များက ဒုတ္ထန်ရပ်ကွက် ဘောလုံးအသင်းနှင့်လေယာဉ်ကွင်း ရပ်ကွက် ဘောလုံးအသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး လေယာဉ်ကွင်းရပ်ကွက် ဘောလုံးအသင်းက နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရဆုဖလား ဆွတ်ခူးရရှိသည်။


 ဆက်လက်၍ အကအဖွဲ့များနှင့်တိုင်းခမ်းတီယဉ်ကျေးမှုအဖွဲ့တို့က အကအလှများဖြင့်ဖျော်ဖြေတင်ဆက် ခဲ့ကြပြီး တာဝန်ရှိသူများက အကအဖွဲ့များနှင့် Volunteer အဖွဲ့များ၊ အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံးထူးချွန်ဆုများအား ချီးမြှင့်ကြသည်။


 ထို့နောက် စစ်ဗျူဟာ(အခြေချ)ပူတာအို စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမင်းသီဟ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခေါင်လန်ဒီး၊မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်တို့က ပထမဆုရ လေယာဉ်ကွင်းရပ်ကွက်ဘောလုံးအသင်း၊ဒုတိယဆုရ ဒုတ္ထန် ရပ်ကွက်ဘောလုံးအသင်းနှင့် တတိယဆုရ ဆာရ်ခွမ်ဒမ်းကျေးရွာအုပ်စုဘောလုံးအသင်းတို့အား တစ်ဦးချင်း လည်ဆွဲတံဆိပ်၊ ဂုဏ်ပြုဆုငွေနှင့်ဆု ဖလားများကိုပေးအပ်ချီးမြှင့်ကြသည်။


 အဆိုပါပြိုင်ပွဲတွင် ပူတာအိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေး ရွာအုပ်စုများမှ ပြိုင်ပွဲဝင်အသင်းပေါင်း(၂၇) သင်းတို့က အုပ်စုလေးအုပ်စုဖြင့် ဇူလိုင်(၂၁)ရက်မှစက်တင်ဘာ(၅)ရက်နေ့အထိ အုပ်စုပတ်လည်ယှဉ်ပြိုင် ကစားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


သတင်း - ဖုန်ကန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)