ပလင်းကမ်းသာယာ ဆင်စခန်းရှိဆင်များအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း Online မှတဆင့်ဆက်သွယ်၍ဆင်စာဘူဖေးကျွေးမှု (၄၇၀)ကြိမ်ရှိလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပလင်းကမ်းသာယာ ဆင်စခန်းရှိဆင်များအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း Online မှတဆင့်ဆက်သွယ်၍ဆင်စာဘူဖေးကျွေးမှု (၄၇၀)ကြိမ်ရှိလာ

 



MNP - စက်တင်ဘာ   ၁၈


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊အ‌ နောက်ပုလင်း ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင်ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာ ယာဆင်စခန်း၌ ကိုဗစ်-၁၉ရောဂါကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက Onlineမှတဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှု များပြားလာကြောင်း ပလင်းကမ်းသာယာ ဆင်စခန်း တာဝန်ရှိသူများထံက သိရသည်။


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းအား ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်း မြန်မာပြည်အရပ်ရပ်ရှိ ဆင်ချစ်သူများက Onlineမှတဆင့် ဆင်စာဘူဖေး ကျွေးမွေး လှူဒါန်းလျက်ရှိရာ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း ဆင်စာဘူဖေးကျွေးသူ များပြားလာကာ (၄၇၀)ကြိမ်ထိ ဆင်စာဘူဖေးကျွးမှု များပြားလာပြီး နောက်ထပ်ကျွေးမွေးဖို့ Online မှလည်း ကြိုတင်ချိတ်ဆက်မှုများလည်း ရှိနေသေးကြောင်း ဆင်စခန်းတာဝန်ရှိသူများထံက သိရသည်။


မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဆင်စခန်း(၂၂)ခုထိဖွင့်လှစ်ထားရှိ ထားပြီး ဆင်စာဘူဖေးကျွေးမွေးလှူဒါန်းလိုပါက ဆင်စခန်းအမည်များနှင့်Page များတွင် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း၊ ဆင်စာအဖြစ် ကြံ၊ နေပီယာမြက်၊ငှက်ပျောသီး၊ ဖရုံသီး၊ ဖရဲ သီး၊ သခွားသီး၊သရက်သီး၊ အုန်းသီး၊ ပြောင်းဖူးများကိုအဓိကကျွေးကြကာ ရာသီပေါ်သီနှံများ အားကျွေးမွေးကြပြီး ဆင်စာဘူဖေးတစ်ခါကျွေးလျှင် သုံးသောင်းကျပ်မှငါးသောင်းကျပ်ထိ လှူဒါန်းကြကာ တနေ့စာ ဆင်ခုနှစ်ကောင်အတွက်တစ်သိန်းကျပ်လှူဒါန်းနိုင်ကြောင်းသိရ သည်။


ပလင်းကမ်းသာယာဆင်စခန်းဆင်စခန်းသို့ မလာရောက်နိုင်ပါက ဆင်စခန်းPage များမှတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ပလင်းကမ်းသာယာဆင်းစခန်း တာဝန်ခံ လက်ထောက်မန်နေဂျာ ဖုံး(၇၉၃၈၂၀၅၃၂) သို့ဆက်သွယ်လှူဒါန်းနိုင်ကြာင်းသိရကာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်း ဆင်စာ ဘူဖေးကျွးမှု (၄၇၀)ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း မြို့အခြေပြု ခရီးသွား လုပ်ငန်းဖွံ့ဖြိုးမှုအတွက် ဖွင့်လှစ်သည့်ဆင်စခန်းများ ကိုဗစ်-၁၉ ကူးစက်ကာလ ဆင်စာ ခက်ခဲလျက်ရှိကာ တောတောင်၊ ရေမြေသဘာဝအခြေခံဖွင့်လှစ်ထား သည့်ဆင်စခန်းများရှိ ဆင်များအတွက် အစာရေစာမခက်ခဲကြောင်းလည်း ပလင်းကမ်းသာယာဆင်စခန်းမှ သစ်အုပ်ကြီး ဦးစောဝါးဝါးကရှင်းပြ၍ သိရသည်။   


သတင်း - ကိုကြေးမုံ               


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)