အမ်းမြို့နယ်၌ သဘာဝဘေးအန္တရာယ် လျော့ချရေးဆိုင်ရာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးသင်တန်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ သဘာဝဘေးအန္တရာယ် လျော့ချရေးဆိုင်ရာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးသင်တန်း ကျင်းပ



MNP - စတ်တင်ဘာ   ၂၇


ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ရခိုင်ပြည်နယ်အလယ်ပိုင်းဒေသ WASH: DRR ခံနိုင်ရည်ရှိရေးပူးပေါင်းအဖွဲ့တို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၉ နာရီအချိန်က အောက်ရွာအုပ်စု ဆင်ထိုးကျေးရွာအနီး မြို့နယ်မီးသတ်စခန်းခန်းမ၌ ကျင်းပခဲ့သည်။


သင်တန်းဖွင့်ပွဲသို့ ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်နှင့် ခရိုင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးအောင်သန်းဌေးနှင့် တပ်ဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ် အလယ်ပိုင်းဒေသ WASH: DRR ခံနိုင်ရည်ရှိရေးပူးပေါင်းအဖွဲ့စီမံချက်အရာရှိ ဒေါ်မေဇင်ဦးနှင့် အဖွဲ့ဝင်များ သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ခဲ့သည်။


အဆိုပါသင်တန်းကို ကျေးရွာများ၌ ဘေးအန္တ ရာယ် ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ စနစ်တကျဆောင်ရွက်တတ်စေရန် သဘာဝဘေးကျရောက်ပါက ကျေးရွာလူထုနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ ရှာဖွေကယ်ဆယ်ရေးနှင့်ပတ်သက်သော နည်းပညာများကို ရပ်ရွာ လူထု ဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များအား ပြန်လည်ဝေမျှပေးနိုင်ရန် ရည်ရွယ်၍ ကျေးရွာ (၈)မှ သင်တန်းသားသင်တန်းသူ (၃၂) ဦးအားမီးသတ် တပ်ဖွဲ့ဒုတိယဦးစီးမှူး ရှိန်းမင်းသူ ဦးဆောင်သော တပ်ဖွဲ့(၃) ဦးတို့က စာတွေ့၊ လက်တွေ့ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - စိုးမင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)