ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်



MNP - စက်တင်ဘာ  ၂၈


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဟိုခိုဘုန်းတော်ကြီးကျောင်းနောက် ကျွဲ၊ နွားပွဲဈေးအနီးရှိ ရေချောင်းအား ရေစီးရေလာ ကောင်းမွန်စေရေးနှင့် သန့်ရှင်းမှုရှိစေရေးအတွက် ရေချောင်းချဲ့ထွင်ဆည်ယူခြင်းနှင့် ကျောက်ရိုးစီမြေကာနံရံပြုလုပ်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရရန်ပုံငွေ ကျပ်(၆၈.၁၀) သန်းဖြင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်လျက်ရှိရာ ရေချောင်း အရှည် ပေ(၅၀၀)အား  ရေချောင်းချဲ့ထွင်ခြင်းနှင့် ကျောက်ရိုးစီမြေကာနံရံ အမြင့်(၉)ပေ ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ရေချောင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးက ရေစီးရေလာကောင်းမွန်ပြီး ဒေသခံပြည်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)