လပွတ္တာမြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လပွတ္တာမြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ



MNP - စက်တင်ဘာ   ၂၁


ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အဆင့် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည် ၁ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးနဒီခန်းမ၌ ကျင်းပခဲ့ကြသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရမှ အဖွင့်အမှာစကားပြောကြားပြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသန်းဌေးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း အဆိုပြုချက်များကို နောက်ဆက်တွဲ(က)၊ နောက်ဆက်တွဲ(ခ)ပုံစံများမှာ သတ်မှတ်ချက်များနှင့်အညီ တင်ပြလာသည့် လုပ်ငန်းများအားလုံး အချိန်မီရေးဆွဲ၍ ခရိုင်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီသို့ တင်ပြနိုင်ရေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဌာနတစ်ခုချင်းအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများအား ရှင်းလင်းတင်ပြရာ တင်ပြချက်များအပေါ် မြို့နယ်အဆင့်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီမှ စိစစ်လျာထားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါအစည်းဝေးသို့ မြို့နယ်အဆင့် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချူပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုစုပေါင်းအင်အား (၄၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)