မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ဘက်စုံနည်းပညာသုံးစံပြစိုက်ကွက်နှင့် အဇင်းရေလှောင်တမံဆည်ရေသောက် ဧရိယာဆောင်ရွက်ချက်များအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ဘက်စုံနည်းပညာသုံးစံပြစိုက်ကွက်နှင့် အဇင်းရေလှောင်တမံဆည်ရေသောက် ဧရိယာဆောင်ရွက်ချက်များအား ကြည့်ရှုစစ်ဆေး

 



MNP - စက်တင်ဘာ ၂၁


မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ၌ အကျိုးဆောင် တောင်သူများ စိုက်ပျိုးထားရှိသော ပေါ်ဆန်းရင် (၅၁) ဧက စပါးမျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းစေရန် ယမန်နေ့နံနက် ၁၀ နာရီက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုက်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။


မွန်ပြည်နယ်အနေဖြင့် သီးနှံအလိုက်မျိုးကောင်း၊ မျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးရာတွင် တောင်သူများပါဝင်သော မျိုးစေ့ထုတ်လုပ်မှု ဆောင်ရွက်နိုင်စေရန် ကျေးရွာအလိုက် ဘက်စုံနည်းပညာသုံး စံပြစိုက်ကွက်များ ဖော်ဆောင်လျက်ရှိရာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူးမှ မျိုးသန့်မျိုးစေ့များ ပံ့ပိုးပေးခြင်း၊ မြေဆီလွှာအဟာရ ဓါတ်ပါဝင်မှုစစ်ဆေးပြီး မြေဩဇာထောက်ခံချက်ပေးခြင်း၊ ပိုးမွှားရောဂါဆိုင်ရာ ကာကွယ်ရေးအသိပညာပေးခြင်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေးကိုအခြေခံ၍ အခြားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အလေးထား ဆောင်ရွက်ကြရန်၊ မိုးစပါးရာနှုန်းပြည့် ကျော်လွန်စိုက်ပျိုးပြီး နွေစပါးအပါအဝင် အခြား ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြရန်၊ နိုင်ငံစီးပွားဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် တောင်သူများကို တိုက်ရိုက်အကျိုးပြုသည့် စိုက်ပျိုးရေးလုပ်ငန်းများအပြင် မွေးမြူရေးလုပ်ငန်းများ၊ အသေးစား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းများကိုလည်း အားပေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ပေးကာ တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည် နယ်ခွင့်ပြုရန်ပုံငွေ (၅၉.၉) သန်းဖြင့် မုဒုံမြို့၊ မြို့မ (၄) ရပ်ကွက်၊ အနော်ရထာလမ်း၊ လမ်းအရှည် (၂၁၅၆) ပေ၊ အကျယ် (၁၄) ပေ ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက် ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး မုဒုံမြို့၊ အဇင်းရေလှောင်တမံ စီမံကိန်းရှင်းလင်းဆောင်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ပြည်နယ်မှူးမှ အဇင်းရေလှောင်တမံဆိုင်ရာ အချက်အလက်များ၊ ဆည်ရေပေးဝေနိုင်သည့် ဧရိယာ၊ မြို့ရေပေးဝေရေးဆောင်ရွက်ထားရှိမှု၊ အကျိုးပြုစိုက်ဧက အခြအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က စပါးစိုက်ဧကများ၊ ဥယျာဉ်ခြံများအား ဆည်ရေပေးဝေရာတွင် တောင်သူများ အကျိုးပြုစေရေး အလေးထားဆောင်ရွက်ကြရန်၊ ရေလှောင်တမံ ခံနိုင်ရည် အားပေါ်မူတည်၍ ရေသိုလှောင်နိုင်သည့်ပမာဏကို အမြဲမပြတ်စစ်ဆေးတွက်ချက်ကာ ရေပိုလွှဲ၊ ရေထုတ်ပြွန်များဖြင့် စနစ်တကျ ရေပိုလွှဲထုတ်နိုင်ရေး ဆောင်ရွက်ရန်၊ နွေစပါးနှင့် အခြားသီးနှံများ ဖြစ်ထွန်းအောင်မြင်စေရေးအတွက် ဆည်ရေအား ပြည့်ဝစွာပေးဝေနိုင်ရေး ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားကာ ရေလှာင်တမံနှင့် ရေပိုလွှဲ ဆောင်ရွက်ထားရှိမှု အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


သတင်း - သားငယ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)