နောင်မွန်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်မွန်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ




MNP - စက်တင်ဘာ   ၂၅


ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊‌ နောင်မွန်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများကို အခြေခံ၍လူငယ်များအားကစားကို ပိုမိုစိတ်ဝင်စားလာပြီး စိတ်ဓါတ်ခန္ဓာပိုမိုကျန်းမာကြံ့ခိုင်လာစေရန်၊ လူငယ်များအားကစားကို စိတ်ပါဝင်စားလာပြီး မူးယစ်ဆေးဝါးကိုရှောင်ရှားလာစေနိုင်ရန်နှင့်  မြို့နယ်အတွင်းမှ ဂုဏ်ဆောင်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ် ကျင်းပခဲ့သော နောင်မွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီက နောင်မွန်းမြို့နယ်ပြည်သူ့အားကစားကွင်း၌   ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာစည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနမ်ရဲမင်က အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၅)ရပ်ကွက်မှလှပျိုမယ်များ၊ အ.ထ.ကကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများနှင့် အမက(၁)ကျောင်းမှကျောင်းသူလေးများက တိုင်းရင်းသားရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြကာ ဗိုလ်လုပွဲသို့တက်ရောက်လာသော ကဆန်ထီ FC ဘောလုံးအသင်းနှင့်အမှတ်(၁)ရပ်ကွက်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကဆန်ထီ FC ဘောလုံးအသင်းက ၁-၀ ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။


ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနမ်ရဲမင်နှင့်အဖွဲ့ဝင်များက ပထမဆုရရှိသော ကဆန်ထီ FC အသင်းနှင့် ဒုတိယဆုရရှိသောအမှတ်(၁)ဘောလုံးအသင်းသားများကို ဆုဖလား၊ ဆုတံဆိပ်လည်ဆွဲနှင့် ဆုကြေးငွေများအသီးသီးပေးအပ်ခဲ့ကြပြီး သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများက အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲတွင် နေရာအလိုက်အကောင်းဆုံးထူးချွန်ဆု ရရှိခဲ့သူများအား ဆု‌ကြေး‌ငွေများချီးမြှင့်ကြသည်။


အဆိုပါပြိုင်ပွဲဝင်ခဲ့ကြ‌သောအသင်းသားများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ အသက်(၁၇)နှစ်အထက် ကစားသမားများသာ ပါဝင်ယှဉ်ပြိုင်ကစားခွင့်ပေးထားပြီး ပြိုင်ပွဲကို စက်တင်ဘာလ(၆)ရက်မှ (၂၄)ရက်အထိသတ်မှတ်ကာ ပြိုင်ပွဲဝင်အသင်း(၁၃)သင်းကို အုပ်စု(၄)စုခွဲ၍ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)