ကျောက်ဆည်မြို့နယ်တွင် မိုးစပါးစိုက်ခင်း(၅)ဧကအား လုပ်သားရှားပါးမှုနှင့်အချိန်ကုန်သက်သာရေး ကြားပေါင်းလိုက်စက်ဖြင့် တမန်းနိုး၊ ကြားပေါင်းလိုက်ခြင်း သရုပ်ပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် မိုးစပါးစိုက်ခင်း(၅)ဧကအား လုပ်သားရှားပါးမှုနှင့်အချိန်ကုန်သက်သာရေး ကြားပေါင်းလိုက်စက်ဖြင့် တမန်းနိုး၊ ကြားပေါင်းလိုက်ခြင်း သရုပ်ပြ




MNP - စက်တင်ဘာ  ၂၅


မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ တောင်သူအကျိုးပြု လုပ်ငန်း များဖြစ်သော ထွန်ယက်ရေးဝန်ဆောင်မှုများ၊ ကောက်စက်စက်ဖြင့် စိုက်ပျိုးခြင်းများ၊ ကြားပေါင်း လုက်စက်ဖြင့် တမန်းနိုးကြားပေါင်းလိုက်ခြင်းများ၊ ရိတ်သိမ်းခြွေလှေ့ခြင်းများ၊ စက်ပိုင်းဆိုင်ရာလေ့ကျင့် ပညာပေးခြင်းများ၊ လယ်ယာသုံး စက်ကိရိယာ ရောင်းချပေးခြင်းများနှင့် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ၊ စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေ ထုတ်ဖော်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက မြောင်းဦး ကျေးရွာ ကွင်းအမှတ်(၁၈၁)၊ ဦးပိုင်အမှတ်(၃၅-က) တောင်သူဦးအောင်စိုး၏ မိုးစပါး(၅)ဧကအား လုပ်သား ရှားပါးမှုနှင့် အချိန်ကုန်သက်သာရေး ကြားပေါင်းလိုက်စက်ဖြင့် တမန်းနိုး၊ကြားပေါင်းလိုက်ခြင်း သရုပ်ပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။


သရုပ်ပြပွဲသို့ စပါးစိုက်တောင်သူ(၃၀)ဦးခန့် စိတ်ပါဝင်စားစွာ လာရောက်လေ့လာကြည်ရှုခဲ့ကြောင်းနှင့် ခရိုင်စက်မှု လယ်ယာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက ကြားပေါင်း လိုက်စက်သည် ကောက်စိုက်စက်ဖြင့် တွဲဖက်၍အသုံးပြုနိုင်သလို တိုက်ရိုက်အစေ့ချ ပတ်ကျဲစိုက် ပျိုးထားသည့် စပါးခင်းများတွင်လည်း အသုံးပြ၍ ရနိုင်ကြောင်း၊ ကြားပေါင်းလိုက်စက် အသုံးပြုခြင်းအားဖြင့် တောင်သူများအနေဖြင့် လုပ်ငန်းပြီးစီးမှုမြန်ဆန်ခြင်း အချိန်ကုန်သက်သာခြင်း၊ အလုပ်သမားရှာ ဖွေရသည့် အခက်အခဲများကိုဖြေရှင်းနိုင်ခြင်း၊ လေဝင်လေထွက်ကောင်းမွန်ခြင်း၊ လက်တွန်း ကြားပေါင်းလိုက် ကိရိယာများနှင့် လုပ်ငန်းဆောင်ရွက်ခြင်းထက် ပို၍လုပ်ငန်းတွင် ကျယ်ခြင်း၊ ပေါင်းမြက်များ ရှင်းလင်းပေးခြင်းနှင့် တမန်းနိုးခြင်းများ ဆောင်ရွက်ပေးမှုကြောင့် မြေဆီလွှာမှ အဟာရဓာတ်များအား စပါးပင်များ ကောင်းစွာစုပ်ယူစား သောက်နိုင်၍ စပါးအထွက် နှုန်းတိုးခြင်း စသည့်အကျိုးကျေးဇူးများရရှိမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ရာ တောင်သူများမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။


ကျောက်ဆည်မြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ မိုးရာသီတွင် ဧရာမင်း၊ မနောသုခ၊ ရွှေမနော်၊ ပေါ်ဆန်းဘေးကြား စပါးမျိုးများ အဓိကထားပြီး ပျိုးထောင်စိုက်ပျိုးခြင်း (၁၄၈၁၈)ဧက၊ တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးခြင်း(၃၇၆၄၃)ဧက စုစုပေါင်း(၅၂၄၆၁)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 


 သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)