တနင်္သာရီမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်၌ ဩဂုတ်လတွင် အငြိမ်းစားပင်စင်စား(၂၂၈)ဦးအား ပင်စင်လစာထုတ်ပေးနိုင်ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်၌ ဩဂုတ်လတွင် အငြိမ်းစားပင်စင်စား(၂၂၈)ဦးအား ပင်စင်လစာထုတ်ပေးနိုင်ခဲ့



MNP - စက်တင်ဘာ   ၁


တနင်္သာရီတိုင်းဒေသကြီး၊  တနင်္သာရီမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်တွင်၂၀၂၂ခုနှစ်၊ ဩဂုတ်လအတွက် အငြိမ်းစား ပင်စင်လစာငွေများကို ဩဂုတ်လ(၂၂ရက်မှ၃၁ရက်)လကုန်ရက်အထိ အငြိမ်းစားပင်စင်စား(၂၂၈)ဦး၏ ပင်စင်လစာ ငွေ(၄၆၅,၄၅၈၁၁/၀၅)ကျပ်တိတိကို အေးချမ်း စွာ ထုတ်ပေးနိုင်ခဲ့ကြောင်း မြန်မာ့စီးပွါးရေးဘဏ်မှ သိရသည်။   


တနင်္သာရီမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်တွင်၂၀၂၂ခုနှစ်၊ဩဂုတ်လအတွင်းထုတ်ယူခွင့်ရှိသောအငြိမ်းစားပင်စင်စားဦးရေ(၄၅၃)ဦးရှိပြီး ပင်စင်လစာငွေများကို လစဉ်(၂၁)ရက်နေ့တွင် နံနက် ၈ နာရီမှ မွန်းတည့်(၁၂)နာရီအထိ လည်းကောင်း၊ ကျန်ဘဏ်ဖွင့်ရက်များတွင်မူ ပုံမှန် ဘဏ်ဖွင့်ချိန်အတိုင်းသာ ထုတ်ပေးလျက်ရှိကြောင်း၊ အငြိမ်းစားများကလည်းပင်စင်လစာ ငွေထုတ်ယူရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးစည်း ကမ်းများနှင့်အညီ သက်တောင့်သက်သာစွာ သတ်မှတ်နေရာများတွင် စောင့်ဆိုင်း၍ အသက်ကြီးသူများကိုဖေးမကူညီခြင်းအားဖြင့် အပြန် အလှန် ပူးပေါင်းကူညီ ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံပန်ကြားထားကြောင်း သိရှိရသည်။


သတင်း - နန်းသာရီ-ထိန်ဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)