MNP - စက်တင်ဘာ ၁
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်က နှစ်ပတ်လည်နေ့အထိမ်းအမှတ် အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ဥပဒေအရာရှိ ဦးတင်မြင့်ဦးက နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဥပဒေအရာရှိများနှင့်ဝန်ထမ်းများ စုစုပေါင်း ၅၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး ဗလာမပါကံစမ်းမဲများဖွင့်ဖောက်ပေးခဲ့ကာ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်ဥပဒေအရာရှိတို့က ကံထူးရှင်များအား ဆုပစ္စည်းများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - စောမျိုးမင်းသိန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment