ပန်းတနော်မြို့နယ်တွင် ကွန်ကရစ်လမ်းခင်းနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတနော်မြို့နယ်တွင် ကွန်ကရစ်လမ်းခင်းနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

 



MNP - စက်တင်ဘာ   ၁


ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်လမ်း ခင်းနေမှုအခြေအနေအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များမှ သွားရောက်ကြည်ရှု စစ်ဆေးခဲ့သည်။


အဆိုပါ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် ၃,၀၉၀,၀၀၀ ဖြင့်ဆောင်ရွက်လျက်ရှိသော ပန်းတနော်မြို့နယ် အရှေ့ပိုင်းရပ်ကွက် ကျန်စစ်သားလမ်းအား လမ်းအရှည် ၁၂၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မဖြင့် ကွန်ကရစ်လမ်းခင်းနေမှု အခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာလမ်းလုပ်ငန်း တာဝန်ရှိသူများမှ လမ်းခင်းနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လုပ်ငန်းများအရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး လုပ်ကိုင်ဆောင်ရွက်သွားရန် မှာကြားခဲ့‌ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)