ရသေ့တောင် ၊ စက်တင်ဘာ ၁
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ ရုံးဝန်ထမ်းများအနေဖြင့် အရည်အသွေးတိုးတက်မြင့်မားပြီး၊ ရုံးလုပ်ငန်းတာဝန် များကို တတ်ကျွမ်းနားလည်လာစေရန်ရည်ရွယ်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ “ရုံးလုပ်ငန်းလက်စွဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့၊ နံနက်(၁၀)နာရီက ရသေ့တောင်မြို့နယ်ရုံး Community Centre ခန်းမတွင် ပြုလုပ်ခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးအရာရှိ ဦးမျိုးလွင်က စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများစနစ်တကျရှိစေရေး၊ ဝန်ထမ်းအဖွဲ့အစည်းအားလုံး တညီ
တညွတ်တည်း တစ်ပုံစံတည်း လိုက်နာကျင့်သုံးနိုင်ရေးအတွက် “ရုံးလုပ်ငန်းလက်စွဲစာအုပ်”၏ ဥပဒေပြဌာန်းချက်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် ဒုတိယဦးစီးမှူးဒေါ်တင်ဇာဦး က ရုံးလုပ်ငန်းလက်စွဲစာအုပ်၏ အခန်း(၃)မှ “ထွက်စာများကို အရေးယူဆောင်ရွက်ခြင်း” ခေါင်းစဉ်ပါ လိုက်နာကျင့်သုံးရမည့် အကြောင်း အရာတို့အားလည်းကောင်း၊ ဦးအောင်သိန်းဝေ(ရုပ်/သံ-၃)က မိမိရုံးဌာနမှ ပြင်ပသို့ ပေးပို့သည့် ထွက်စာများကို စနစ်တကျ မှတ်ပုံတင်ခြင်းအား ရှင်းလင်းဖတ်ကြားပြီး၊ မြို့နယ်ဦးစီးအရာရှိ ဦးမျိုးလွင်က “ထွက်စာများကို အရေးယူဆောင်ရွက်ခြင်း” နှင့်ပတ်သက်၍ ပြန်လည် ဖြည့်စွက် ရှင်းလင်းပေးခဲ့ကြောင်းသိရသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost

No comments:
Post a Comment