ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော နတ်ပလင်ကျေးရွာသို့ သောက်သုံးရေလှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော နတ်ပလင်ကျေးရွာသို့ သောက်သုံးရေလှူဒါန်း

 



MNP - စက်တင်ဘာ   ၂


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော နတ်ပလင် ကျေးရွာသို့ ယနေ့နံနက် ၈ နာရီအချိန်က ဝေမျှခြင်း ပရဟိတ (ရန်ကုန်) မှ သောက်သုံးရေ သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


ဝေမျှခြင်းပရဟိတမိသားစု(ရန်ကုန်)မှ နတ်ပလင်ကျေးရွာသို့သောက်သုံး ရေဂါလန် ၁၆၀၀ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း၊ ဝေမျှခြင်းပရဟိတအသင်းအနေဖြင့် ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလှူဒါန်းခြင်းများအား မေလကုန်နှင့် ဇွန်လလယ်တို့တွင် သောက်သုံးရေ လှူဒါန်းမှုအား ရပ်နားလေ့ရှိသော်လည်း ယခုနှစ် ဩဂုတ်လကုန်ထိ မိုးရွာသွန်းမှုနည်းပါးပြီး ကျေးရွာများ မှီခိုအားထားနေသည့် မြေသားရေလှောင်ကန်များအတွင်း ရေဝင်ရောက်မှုမရှိသေးခြင်းများကြောင့် ဝေမျှခြင်းပရဟိတ (ရန်ကုန်) အသင်းမှ ဆက်လက် သောက်သုံးရေများ ဆက်လက်လှူဒါန်းပေးနေခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)