ရေးမြို့နယ်တွင် ခရိုင်တရားရုံးဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေးမြို့နယ်တွင် ခရိုင်တရားရုံးဖွင့်ပွဲ အခမ်းအနားကျင်းပ



MNP - စက်တင်ဘာ   ၂


မွန်ပြည်နယ် ရေးမြို့နယ်တွင် ခရိုင်တရားရုံး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ရန်ကြီးအောင်ရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ကျုံးဘက်လမ်းထောင့် ခရိုင်တရားရုံး၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းမင်း၊ ခရိုင်ဥပဒေအရာရှိ ဦးအေးမင်းနှင့် ခရိုင်တရားသူကြီး ဦးဇော်ဇော်သန်းတို့မှ ခရိုင်တရားရုံးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များနှင့် ပတ်ဖြန်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။


ရေးမြို့နယ်ကို ခရိုင်အဆင့်သို့တိုးမြှင့်ခဲ့ပြီးနောက်ပိုင်း ပထမဦးစွာ ၂၀၂၂ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအား လည်းကောင်း၊ ယနေ့တွင် ခရိုင်တရာရုံးကို စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)