မိုင်းတုံမြို့၌ မြေပြင်ရှိအိမ်ထောင်စု လူဦးရေစာရင်းမူရင်းများ မှန်ကန်မှုရှိစေရေး ကွင်းဆင်း တိုက်ဆိုင်စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းတုံမြို့၌ မြေပြင်ရှိအိမ်ထောင်စု လူဦးရေစာရင်းမူရင်းများ မှန်ကန်မှုရှိစေရေး ကွင်းဆင်း တိုက်ဆိုင်စစ်ဆေး



MNP - စက်တင်ဘာ   ၉


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ယမန်နေ့နံနက်ပိုင်းက မြေပြင်ရှိအိမ်ထောင်စု လူဦးရေစာရင်း မူရင်းများ မှန်ကန်မှုရှိစေရေး ကွင်းဆင်းစစ်ဆေးရာ ခရိုင် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှအေးနှင့်အဖွဲ့၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွန်းကျော်နှင့်အဖွဲ့၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကျေးစာရေးများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ တိုက်ဆိုင် စစ်ဆေးကြောင်း သိရသည်။


ကွင်းဆင်းစစ်ဆေးရာတွင် မိုင်းတုံခရိုင် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးမှူးဦးလှအေးက ကျေးရွာနေပြည်သူများနှင့်စာရင်း ကောက်ယူရမည့်အဖွဲ့များ အထောက် အကူရစေရန် ရည်ရွယ်၍ အိမ်ထောင်စုလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးရာတွင် စာရင်းမှန်များရရှိစေရေးနှင့် ပတ်သတ်၍အကျယ်တဝန်း ရှင်းလင်းသည်။ ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွန်းကျော်က မြေပြင်ရှိအိမ်ထောင်စုလူဦးရေစာရင်း မူရင်းများ မှန်ကန်မှုရှိစေရေးအတွက်ကို ကျွန်တော်တို့ဌာနဆိုင်ရာအားလုံးက သူ့အုပ်စုနှင့်သူ အဖွဲ့များဖွဲ့၍ တာဝန်ချထားပေးပြီးကြောင်း  မိမိကျေးရွာသို့ လာရောက်တိုင်ဆိုင်စစ်ဆေးသည့်အချိန်တွင် ပြည်သူများကလည်း လိုက်ပါပူးပေါင်းဆောက်ရွက်ပေးဖို့လိုအပ်သဖြင့် ပူးပေါင်းပါဝင်ကြရန် အမှားစကားပြေားကြားပြီးနောက် တက်ရောက်လာသည့် အိမ်ထောင်စု (၁၂၉)စုအား (Masks)များ အခမဲ့ဖြန့်ဝေပြီး မြေပြင်ရှိအိမ်ထောင်စု လူဦးရေစာရင်း မူရင်းများကိုအိမ်‌ ထောင်စုတစ်စုခြင်းစီ တိုက်ဆိုင်စစ်ဆေးပေးခဲ့ကြောင်း သိရသည်။


သတင်း - ဝင်းဝင်းခိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)