မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ ဗုဒ္ဓသာဝိကာသီလရှင် စာသင်တိုက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ ဗုဒ္ဓသာဝိကာသီလရှင် စာသင်တိုက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ




MNP - စက်တင်ဘာ  ၉


မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊  ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တံခွန်တိုင်ရပ်ကွက်၊ ဗုဒ္ဓသာဝိကာသီလရှင်စာသင်တိုက်တွင် ယနေ့နံနက် ၉ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ကာကွယ်ဆေးထိုးနှံရခြင်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန် ရည်ရွယ်၍ ထိုးနှံပေးခြင်းဖြစ်ကြောင်း ပြည့်သူကျန်းမာရေးဦးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပြီး၊ ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်အပူချိန်တိုင်းကာပေးခြင်း၊ သွေးပေါင် ချိန်တိုင်းပေး ခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ပေးပြီး ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။


အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်းများက ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ ဗုဒ္ဓသာဝိကာ သီလရှင်စာသင်တိုက်ရှိ သီလရှင်အပါး (၁၇၀) အား ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံ ပေးခဲ့ကြောင်းသိရသည်။


သတင်း - ရှမ်းလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)