ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့်မြန်မာရွေ့ပြောင်း အလုပ်သမားများအား အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့်မြန်မာရွေ့ပြောင်း အလုပ်သမားများအား အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ




MNP - စက်တင်ဘာ   ၉


နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီးပြန်လည်လွှတ်မြောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား၁၂၅ဦး၊ အမျိုး သမီး၄၆ဦး၊ စုစုပေါင်း အလုပ်သမား ၁၇၁ ဦး ယမန်နေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံကော့သောင်းမြို့၊ တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လာရောက်လွှဲပြောင်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ မြန်မာအလုပ်သမားများမှာ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလတစ်လျောက်အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်အတွင်းပိတ်မိနေသူများနှင့် အရေးယူခံနေခဲ့ရသူများဖြစ်ကာ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများကို ကော့သောင်းခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၊ NGOအဖွဲ့အစည်းများက ကိုဗစ်- ၁၉ရောဂါ ကူးစက်မှုသံသယရှိသူများ ပါဝင်လာခြင်းရှိ မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများပါဝင်လာခြင်းရှိမရှိ၊ မူးယစ်ဆေးဝါးသယ် ဆောင်လာခြင်းရှိမရှိ သတိပြုစစ်ဆေး လက်ခံခဲ့ပြီး အစားအသောက်၊ကျန်းမာရေးနှင့် လိုအပ်သည့် ထောက်ပံ့ကူညီ မှုများဆောင်ရွက်ပေးခဲ့ကြသည်။


ပြန်လည်ဝင်ရောက်လာသူများမှ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများကို တတိယအကြိမ် Booster ထပ်ဆောင်းထိုးနှံပေးပြီး ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသူနှင့် တစ်ကြိမ်သာထိုးနှံထားသူများကို ရောဂါပိုးစစ်ဆေးမှုများဆောင်ရွက်ပြီး ကော့သောင်းမြို့ရှိ Quarantine Center (၃)ခုတွင် အမျိုးသားအမျိုးသမီးသီး ခြားစီခွဲခြားထားရှိ အထူးကြပ်မတ်ကာ (၃)ရက် အသွားအလာကန့်သတ်ထားရှိစောင့်ကြည့်စစ်ဆေးပြီး  ရောဂါပိုးတွေ့ရှိခြင်းမရှိမှသာ မိမိတို့နေအိမ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)