စဉ့်ကူးမြို့နယ်အတွင်းရှိ ကျေးရွာ (၄) ရွာအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်အတွင်းရှိ ကျေးရွာ (၄) ရွာအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး



MNP - စက်တင်ဘာ  ၂၇


မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်းရှိ ရွှေပြည်ကျေးရွာ၊ ဆည်ကြီးကျေးရွာ၊ မာလဲကျေးရွာ၊ ဆည်သည်ကျေးရွာတို့ရှိ တောင်သူများအတွက် မိုးရာသီစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက် (၁၀) နာရီခွဲက ဆောင်ရွက်သည်။


ရှေးဦးစွာ စဉ့်ကူးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဦးဝင်းခိုင်က စားနပ်ရိက္ခာဖူလုံစေရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်မှု အထောက်အကူဖြစ်စေရေးတို့အတွက် ရည်ရွယ်၍ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


စဉ့်ကူးမြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ယနေ့တွင် ရွှေပြည် ကျေးရွာမှ တောင်သူ ၃၈ ဦးအတွက် ထုတ်ချေးငွေကျပ် (၃၄,၇၀၀,၀၀၀) နှင့် ဆည်ကြီးကျေးရွာမှ တောင်သူ (၂) ဦးအတွက် ထုတ်ချေးငွေကျပ် (၂,၁၅၀,၀၀၀)၊ မာလဲကျေးရွာမှ တောင်သူ (၂) ဦး အတွက် ထုတ်ချေးငွေကျပ် (၉၀၀,၀၀၀)၊ ဆည်သည်ကျေးရွာမှ တောင်သူ (၁) ဦးအတွက် ထုတ်ချေးငွေကျပ် (၁၅၀,၀၀၀)၊ စုစုပေါင်း တောင်သူ (၄၃) ဦးတို့အတွက် ထုတ်ချေးငွေကျပ် (၃၇,၉၀၀,၀၀၀) တို့အား ထုတ်ချေးပေးခဲ့ကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအား စပါးစိုက်ဧကတစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှုန်း၊ အခြားသီးနှံ (ပဲမျိုးစုံ) တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်း၊ အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ချေးငွေများ ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း မြို့နယ်မန်‌နေဂျာ ဦးဝင်းခိုင်ထံမှ သိရသည်။


သတင်း - တင်ဇာလွင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)