စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့ဝင်များ နေကြာမျိုးစေ့ထုတ်စိုက်ခင်းနှင့် ပဲတီစိမ်းမျိုးစေ့ထုတ်စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့ဝင်များ နေကြာမျိုးစေ့ထုတ်စိုက်ခင်းနှင့် ပဲတီစိမ်းမျိုးစေ့ထုတ်စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

 



MNP - စက်တင်ဘာ   ၂၈


ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူးဦးစန်းလွင်၊ ပေါက်ခေါင်းမြို့နယ်ဦးစီးမှူးဦးမင်းမင်းထွန်းနှင့် ဝန်ထမ်းအဖွဲ့ဝင်များသည် ယမန်နေ့က ပေါက်ခေါင်းမြို့နယ်ရှိ နေကြာမျိုးစေ့ထုတ်စိုက်ခင်းနှင့် ပတီစိမ်းမျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။                                                


ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် အင်ငါးခွကျေးရွာ တောင်သူဦးတင်ဌေး၏ ယာမြေ၌ နေကြာမျိုးစေ့ထုတ်(၅)ဧကစိုက်ခင်းနှင့် ပဲတီစိမ်းရေဆင်း(၁၄)မျိုးစေ့ထုတ်(၅)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုများကို ကွင်းဆင်းကြည့်ရှုခဲ့သည်။ ဆက်လက်၍ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးသည် ပေါက်ခေါင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ မြို့နယ်အတွင်း မိုးစပါး၊ နေကြာ၊ ပဲမျိုးစုံနှင့်သုံးသီးစားစိုက်ပျိုးမည့် အစီအစဉ်များကို ဆွေးနွေးပြောကြားပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။ ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်မိုးရာသီ၌ နေကြာအပါအဝင်အခြားဆီထွက်သီးနှံစုံ(၅၃၄၅၂)ဧကစိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သတင်း - သန်းထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)