MNP ၊ စက်တင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လက်ပန်လှကျေးရွာအုပ်စု၊ ပင်လယ်ကြီးကျေးရွာအနီး မန္တလေး-မိုးကုတ်ကားလမ်း မိုင်တိုင်အမှတ် ၅၀/၇ နှင့် ၅၁ ကြားရှိ လုံးပတ် ၄ ပေနှင့် အရှည် ၃၀ ပေခန့်ရှိ ထနောင်းပင်သည် ယမန်နေ့ ညနေ (၄)နာရီအချိန်ခန့်က ကားလမ်းမပေါ်သို့ လဲကျပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သဖြင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် စဉ့်ကူးမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းပြည့်ကျော် ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုမှအဖွဲ့အစည်းများ၊ လမ်းသွားပြည်သူများ စုပေါင်း၍ ဆက်သွယ်မှုလမ်းကြောင်းပြတ်တောက်မှု မရှိစေရန် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြကြောင်း၊ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ မရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
တင်ဇာလွင်
https://t.me/MyanmarNationalPost



No comments:
Post a Comment