မြစ်ကြီးနားမြို့ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ကြီးနားမြို့ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲကျင်းပ



MNP - စက်တင်ဘာ  ၂၇


မြစ်ကြီးနားမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့် ခြင်းအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲက စည်ပင်သာယာရေဆိပ်၌ ကျင်းပခဲ့သည်။


အဆိုပါ ငါးမျိုးစိုက်ထည့်ရခြင်းနှင့်ပတ်သက်၍ သဘာဝမြစ်ချောင်းများအတွင်း ငါးသယံဇာတများ ရေရှည်တည်တံ့စေရန်နှင့် ကျေးလက်နေပြည်သူများ ငါးရိက္ခာပိုမို စားသုံးနိုင်စေရန်ရည်ရွယ် ကြောင်းကို မြစ်ကြီးနားမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာမြင့်က အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့သည်။


ထို့နောက် မြစ်ကြီးနားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးတိုးထွန်း၊ မြို့နယ်အဆင့် ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး၊ ဝိုင်းမော်မြို့နယ် ငါးလုပ်ငန်းစခန်းနှင့် ဝန်ထမ်းတို့မှ (၂) လက်မအရွယ် ငါးခုံးမကြီး ကောင်ရေ (၅၀၀၀၀)တို့အား ငါးမျိုးစိုက်ထည့်ခဲ့ကြကြောင်း တင်းရရှိသည်။


သတင်း - အိန္ဒြေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)