အမျိုးသားအဆင့် အသိအမှတ်ပြု လက်မှတ်ချီးမြှင့်ပွဲနှင့် ပြည်နယ်ခရီးသွား ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသားအဆင့် အသိအမှတ်ပြု လက်မှတ်ချီးမြှင့်ပွဲနှင့် ပြည်နယ်ခရီးသွား ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်




MNP ၊ စက်တင်ဘာ ၁၆

မွန်ပြည်နယ်သည် တန်ခိုးကြီးဘုရားများ၊ စေတီပုထိုးများ၊ ရှေးဟောင်းသမိုင်းဝင်ယဉ်ကျေးမှု အဆောက်အဦများ၊ အပန်းဖြေရာနေရာများ ပေါကြွယ်ဝသည့် မွန်ပြည်နယ်အတွင်း နှစ်စဉ် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များစွာ ဝင်ရောက်လျက်ရှိပြီး ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေး ရည်ရွယ်၍ Enchanting Myanmar Health and Safety Protocol (HSP)၊ အမျိုးသားအဆင့် အသိအမှတ်ပြု လက်မှတ်ချီးမြှင့်ပွဲနှင့် ပြည်နယ်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို Royal Mawlamyine Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ကိုဗစ် ၁၉ ရောဂါကြောင့် ကျဆင်းခဲ့သည့်လုပ်ငန်းများအား ပြန်လည် ကုစားနိုင်ရေးတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးသည် တစ်ခုအပါအဝင်ဖြစ်သည့်အတွက် ဒေသတွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေး အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်း ခရီးသွား ဒေသများတွင်လုံခြုံရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးများကို ဦးစားပေး ကဏ္ဍတစ်ရပ်အနေဖြင့် ဆောင်ရွက်ရာမှာ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေး လုပ်ငန်းလည်း အပါအဝင်ဖြစ်ပြီး ပြည်နယ်အတွင်းရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများကို ဒေသအဆင့်၊ အမျိုးသားအဆင့် အသိအမှတ်ပြု လက်မှတ်များရရှိရေး အဆင့်အလိုက် လုပ်ငန်းအကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိကြောင်း၊ မွန်ပြည်နယ်တွင် ဒေသအဆင့် အသိအမှတ်ပြု လက်မှတ်ရရှိသည့် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာ (၆၇)လုံးရရှိပြီး အမျိုးသားအဆင့်အသိအမှတ်ပြု လက်မှတ်ရ (၁၇) လုံးဖြစ်ကာ Onlineမှ အသိအမှတ်ပြုထားသည့် အရေအတွက် (၂၉)လုံး ရှိပါကြောင်း၊ ယခု အသိအမှတ်ပြုရရှိသည့် ဟိုတယ်များကိုလည်း ဝက်ဆိုဒ်များတွင် တရားဝင် ကြေညာပေးသွား မည်ဖြစ်ပြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအနေဖြင့် ဟိုတယ် နှင့်တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်များ လျှောက်ထားမှုအတွက်လည်း ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြေလျော့ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အတူ လာမည့်ပွင့်လင်းရာသီတွင် မွန်ပြည်နယ်အတွင်း ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ခရီးသွားလုပ်ငန်း ရေရှည်တိုးတက်ရေးတွက် အားလုံးဝိုင်းဝန်းပူးပေါင်း လုပ်ဆောင်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။


ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး နိုင်လယိတမမှ မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေး ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့်ဝန်ကြီးများမှအမျိုးသားအဆင့် အသိအမှတ်ပြု လက်မှတ်ရရှိသည့် ဟိုတယ် (၈)ခုအားအသိအမှတ်ပြု လက်မှတ်များပေးအပ်ခဲ့ပြီး ပြည်နယ် ခရီးသွား ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက် ကျင်းပ ပြုလုပ်ရာ မွန်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇေယျာထွန်းက အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ခင်စန်းမြင့် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)