ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်သူများ လုံခြုံစိတ်ချမှုရှိစေရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိစေရေး CCTV ကင်မရာများနှင့် ပတ်သက်၍ အကြုံပြု ရှင်းလင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်သူများ လုံခြုံစိတ်ချမှုရှိစေရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိစေရေး CCTV ကင်မရာများနှင့် ပတ်သက်၍ အကြုံပြု ရှင်းလင်းဆွေးနွေး



MNP ၊ စက်တင်ဘာ ၁၆

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နေပြည်သူများ အေးချမ်းလုံခြုံစွာ နေထိုင်နိုင်ရေး၊ တရားဥပဒေစိုးမိုးရေနှင့် မြို့တည်ငြိမ်အေးချမ်းမှုရှိစေရေးအတွက် မြစ်ကြီးနားမြို့တွင်း တပ်ဆင်အသုံးပြုထားသည့် CCTV ကင်မရာများနှင့် ပတ်သက်၍ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် အကြံပြုရှင်းလင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။


ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်တည်ငြိမ် အေးချမ်းမှုရှိစေရေး၊ တရားဥပဒေစိုးမိုးမှု ရှိစေရေးအတွက် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ကာလတွင် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အများပြည်သူ လုံခြုံအေးချမ်းစွာ သွားလာနေထိုင် လုပ်ကိုင်နိုင်ရေးသည် အရေးကြီးပါကြောင်း၊ မြစ်ကြီးနားမြို့ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် CCTV ကင်မရာများ တပ်ဆင်အသုံးပြုခဲ့သော်လည်း ယနေ့ခေတ်နည်းပညာနှင့်အညီ လိုအပ်သည်များကို စနစ်တကျဖြင့် ဆောင်ရွက်နိုင်ရေး အကြံပြု ညှိနှိုင်းဆွေးနွေးကြရန် ပြောကြားသည်။


ထို့နောက် Venus Rose ကုမ္ပဏီမှ တာဝန်ရှိသူများက CCTV ကင်မရာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများနှင့် တက်ရောက်လာကြသူများက နည်းပညာဆိုင်ရာ ကိစ္စရပ်များ၊ Cyber Security ဆိုင်ရာကိစ္စရပ်များ၊ အဆင့်မြှင့်တင် အသုံးပြုဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးတိုင်ပင်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)