MNP ၊ စက်တင်ဘာ ၁၆
မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်ရာ၌ လူစုဝေး၍အသွားအလာများသည့် နေရာများနှင့် လူအများစုဝေးရာ နေရာများတွင် Mask မဖြစ်မနေတပ်ဆင်ရေးအတွက် Mask Campiagn လုပ်ငန်းများကို မြို့နယ်အတွင်း သတ်မှတ်ထားသည့် ရက်များအလိုက် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ်ဝန်ကြီးများသည် စက်တင်ဘာလ ၁၅ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မောင်ငံဈေးနှင့် သံလွင်ဈေးတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့နယ်အတွင်း ခရီးသွားများနှင့် ဈေးရောင်း/ ဈေးဝယ် ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်စေရန်၊ ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာ သူတိုင်း နှာခေါင်းစည်း (Mask)ကို တပ်ဆင်သွားလာရန်၊ လက်ကို မကြာခဏ စင်ကြယ်စွာ ဆေးကြောသည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံကြရန် အသိပညာပေး ပြောကြားခြင်းနှင့် နှာခေါင်းစည်း (Mask) ကို အခမဲ့ ဖြန့်ဝေပေးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များနှင့် လူမှုအဖွဲ့အစည်းများမှ အသိပညာပေးဆောင်ရွက်နေမှု၊ Mask များ အခမဲ့ဝေငှခြင်း အစီအစဉ် Mask Campaign ပြုလုပ်ဆောင်ရွက်နေမှု အခြေအနေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်
https://t.me/MyanmarNationalPost




No comments:
Post a Comment